စမ်းချောင်းမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းသင်တန်း တတိယနေ့အဖြစ် သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်းသင်တန်း တတိယနေ့အဖြစ် သင်ကြားပို့ချ



MNP - မတ်    ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့  ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ဖွင့်လှစ်သင်ကြားပေးသော ရှေးဦးသူနာ ပြုစုနည်း သင်တန်းတတိယမြောက် နေ့ကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက စတင်သင်ကြား ပေးသည်။

ရှေးဦး သူနာပြုစုနည်းသင်တန်း တတိယမြောက်နေ့ သင်ကြားပို့ချရာတွင်  မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဇော်ဝင်းနှင့် ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဦးမင်းနောင်တို့က ထိခိုက်ဒဏ်ရာ အမျိုးမျိုးနှင့် ရှေးဦးသူနာပြုစုနည်းများ၊ မြွေကိုက်လူနာ ရှေးဦးသူနာပြုစု နည်းများကို သင်ခန်းစာမှတ်စုတိုများဖြင့် အကျယ်တဝင့်ဆွေးနွေး ပို့ချပေးခြင်း၊ မြို့နယ်တပ်ခွဲမှူး ဦးကြည်မိုးအောင်က လူနာ ကိုင်တွယ်ရာတွင် သတိပြုလိုက်နာရမည့် အချက်များ၊ သက်ကြီး ရွယ်အိုများနှင့် အခြားလူနာများအား အိပ်ယာခင်းလဲပုံ၊ သယ်ယူပုံ၊ အသက်ရှု လမ်းကြောင်း ဖွင့်ရာတွင် အသက်ရှု အားကူနည်း၊ နှလုံးဖိနှိပ် နှိုးဆွနည်းများကို ကလေးငယ်များတွင် ပြုစုနည်းနှင့် လူကြီးများတွင် ပြုစုနည်းတို့ကို သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းသား သင်တန်းသူများအား စာတွေ့လက်တွေ့ ပို့ချပေးသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကြသည့် သင်တန်းသားသင်တန်းသူများအား ဂုဏ်ပြုလက်မှတ် နှင့် ဆုများကို အသီးသီးချီးမြှင့်ပေးသည်။

အဆိုပါသင်တန်းကို အ.ထ.က(၄)စမ်းချောင်းမှ ကျောင်းသား   ကျောင်းသူ  (၂၀) ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း ပို့ချပေးသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ကြသည့် သင်တန်းသားသင်တန်းသူများအား ဂုဏ်ပြုလက်မှတ် နှင့် ဆုများကို အသီးသီးချီးမြှင့်ပေးသည်။

အဆိုပါသင်တန်းကို အ.ထ.က(၄)စမ်းချောင်းမှ ကျောင်းသား   ကျောင်းသူ  (၂၀) ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - ခင်ငြိမ်းချမ်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)