MNP - မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရေးမှူးရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းအောင်နှင့် ကျန်းမာရေးမှူးအဆင့် (၁)ဒေါ်သက်သက်မော် တို့မှ ဒိုက်ဦးမြို့နယ်၌ အတက်ရောဂါ စီမံချက်စတင်ခြင်းအကြောင်း၊ အတက်ရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ အမျိုးသမီးများနှင့်ကလေးများအတွက် အတက်ရောဂါအကြောင်းသိကောင်းစရာ၊ တက်နေသောလူနာအား အရေးပေါ်ပြုစုကုသခြင်းအကြောင်းတို့အား သင်ကြားပို့ချသည်။
ထို့နောက် တက်ရောက်လာသောသူများမှ သိလိုသည်များကို မေးမြန်းရာ ပြန်လည် ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၉၀)ဦး တက်ရောက်၍ သင်တန်းမှာ ၁ ရက်သင်တန်းဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment