အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနအား မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနအား မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်စစ်ဆေးခြင်းများဆောင်ရွက်

 


MNP - မတ်    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ မည့် အခြေခံပညာ အထက်တန်းကျောင်း၌ စာမေးပွဲအခန်းပြင်ဆင်ထားမှုနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်အချိန်က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနကို စစ်ဆေးရာတွင် အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ် ရေးမှူး၊ နယ်မြေခံတပ်စခန်းမှ တပ်ရင်းမှူး၊ နယ်‌မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး၊  မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာမေးပွဲအခန်းများ ပြင်ဆင်ထားရှိမှုနှင့် စာမေးပွဲကျင်းပနေစဉ် မီးလန့်ခြင်း၊ မီးလောင်မှုများ မဖြစ်ပွားစေရန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေအသင့်ထားရှိမှုများ မေးခွန်းတိုက်တွင် မီးသတ်ဆေး ဘူးထားရှိမှုနှင့်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ လုံခြုံမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်း - အမာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)