ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ အား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ အား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ




MNP - မတ်    ၂

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ခလေးငယ်(၂)ဦးအပါအဝင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၃၄ ဦး၊ စုစုပေါင်း အလုပ်သမား (၁၃၁) ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိမှု ဖြစ်ပေါ် နေသဖြင့်  ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ က ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများ ပါဝင်လာခြင်း ရှိ မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင် လာခြင်း ရှိ မရှိ၊ သတိပြု စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက် ပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်များတွင် နေထိုင်သူများကို မော်တော်ယာဉ်များဖြင့် မိမိနေရပ် အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးကာ မိမိတို့၏ နေရပ်များတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူကြရမည်ဖြစ်သည်။

ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်သူများကိုမှု ကော့သောင်းမြို့ရှိ Quarantine Center (၂)ခုတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီ ခွဲခြားထားရှိအထူးကြပ်မတ်ကာ Facility Quarantine (၁၀)ရက် အသွားအလာ ကန့်သတ် ထားရှိစောင့်ကြည့်ပြီး ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)