ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

 


MNP - မတ်    ၅

ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက ပြောကြားရာတွင် မိမိ ကိုယ်ကို လုံခြုံရေး၊ ဌာနဆိုင်ရာ လုံခြုံရေးအထူးဂရုစိုက်ရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်း အသိပညာပေး နှိုးဆော်ချက်များကို ရပ်ကွက်များအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊  ပြည်သူများ ကာကွယ်ဆေးထိုးခြင်းကို အကြိမ်ပြည့် ထိုးနိုင်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ (၉)သောင်းကျော် ထိုးနှံပြီး ဖြစ်ကြောင်း၊ ရပ်ကွက်များအလိုက် မိုလ်ဘိုင်းကွင်းဆင်းပြီး ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း၊ မြို့နယ်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းမှာ  ၆၀ရာခိုင်နှုန်းခန့်သာ ပြီးမြောက်သေးသဖြင့် လုပ်ငန်းများ အချိန်မီပြီးမြောက်စေရေး ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အခြေခံ လူဦးရေစာရင်းများ စိစစ်ခြင်း လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့ မြို့နယ်တွင် လူဦးရေစာရင်းပြုစုခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ဌာနဆိုင်ရာများတွင်လည်း  လူအင်အား အခက်အခဲများ ရှိမည် ဖြစ်ကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ ဌာနလုပ်ငန်းများတင်ပြပြီး လုပ်ငန်းများ အောင်မြင်ရန် ဝိုင်းဝန်း ဆောင်ရွက်သွားမည်ဖြစ်၍ လိုအပ်ချက်များအား ပူးပေါင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - အေးမဉ္ဇူ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)