(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်စဲ အ.ထ.က နှစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်စဲ အ.ထ.က နှစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲကျင်းပ



MNP - မတ်   ၂၇

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အ.ထ.က(စက်စဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျေးရွာပြည်သူများ တက်ရောက်ကြောင်း သိရသည်။

 ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ MH ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဝေယံဖြိုးက ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အ.ထ.က(စက်စဲ)ကျောင်း အကျိုးတော်ဆောင် ဦးမြင့်တင်က ကျောင်းဆောင်သစ်ဆောက်လုပ်ပေးမှုအတွက်ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။

ဆက်လက်၍ ကျောင်းဆောင်သစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့ဝင်ဗိုလ်မှူးသက်ထွန်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယခုဖွင့်လှစ်သည့်စာသင်ဆောင်အသစ်သည် (၉၀×၃၀)ပေ နှစ်ထပ် RC အမျိုးအစား ဖြစ်ပြီး ပညာရေးဌာန၏ ခွင့်ပြုငွေကျပ် သိန်း(၁၄၀၀)ဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အေးအေးမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)