မန္တလေးမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ မူကြိုပညာသင်ယူပြီးမြောက်သည့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ မူကြိုပညာသင်ယူပြီးမြောက်သည့် အခမ်းအနားကျင်းပ


MNP - မတ်   ၂၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) မူလတန်း ကြိုကျောင်း၌ မူကြိုပညာသင်ယူပြီးမြောက်သည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မူကြိုပညာယူသင်ပြီးမြောက်သည့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် ကလေးငယ်များအား မူကြိုပညာသင်ယူပြီးမြောက်ကြောင်း အောင်လက်မှတ်များကိုလက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

ထို့နောက်    မူကြိုပညာသင်ယူပြီးမြောက်သည့် ကလေးငယ်များက ဧည့်သည်တော်များအား ပဒေသာ အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ကလေးငယ်များ၏ မိဘများ၊ ဆရာ/ဆရာမများ၊ မူကြို ပညာသင်ယူပြီးမြောက်သည့် ကလေးငယ်များ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ဇော်မင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)