မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေး ဆွေးနွေး



MNP - မတ်    ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ရေးအတွက် မတ်လ(၃၀)ရက် နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာ များအလိုက် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပြီး ပျော်ရွင်စွာ ရေကစားခြင်း၊ ဖျော်ဖြေ ရေးမဏ္ဍပ်များတွင် ယိမ်းအကအဖွဲ့များ ပါဝင်ဖျော်ဖြေခြင်းနှင့် သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ပြည်သူများ စည်စည်ကားကား ဆင်နွှဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ကြရန် ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြိတ်မြို့၌ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကာ ဖျော်ဖြေရေး မဏ္ဍပ်များအပြင် ရပ်ကွက်/ကျေးရွာများအတွင်း ရေကစားမဏ္ဍပ်များ၊ မြူးမြူးကြွကြွ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့်  ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)