မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP - မတ်    ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ်တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်သန်းက မြို့နယ်အတွင်းရှိ ဦးတည်အုပ်စုများအလိုက် ရည်မှန်းဦးရေများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသူများကိုလည်း အပြည့်အဝထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်တွင် အမှန်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဆာင်ရွက်စေလိုကြောင်းနှင့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရေးအတွက် ကော်မတီဝင်များက အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဆရာမဒေါ်ချိုမာက ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် မသင့်သူများ၊ အချို့ ကျေးရွာများမှ ဒေသ၏ဓလေ့ထုံးစံအရ ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများမှအပ ကျန်ရှိသည့် အသက် ၁၈ နှစ်အထက် ပြည်သူ များကို ကာကွဘ်ဆေးထိုးနှံရန် လိုအပ်ကြောင်း ဆွေးနွေးရာ တက်ရောက်လာသည့် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သတင်း - ဝတ်ရည်              

မြန်မာနေရှင်နယ်ပို့စ်                                                 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)