ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ အကြောင်းဆွေးနွေးပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ အကြောင်းဆွေးနွေးပွဲ



MNP -  မတ်  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မန်းအွေမှ သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွောင်ဆွင်းဗန်က ဆွေးနွေးပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မန်းအွေမှ သစ်စိမ်းမြေဩဇာ ပြုလုပ်နည်းများ၊ နိုက်ထရိုဂျင်ကြွယ်ဝသည့် ပဲမျိုးရင်းဝင်အပင်များ စိုက်ပျိုးနည်းများ၊ မြေယာပြုပြင်၍ ထွန်ယက်စိုက်ခြင်းဖြင့် သီးနှံအထွက်တိုးနိုင်ပြီး ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

သတင်း - မောင်ကျော်

မြန်မာနေရှင်နယ်ပို့စ်






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)