ဘီးလင်းမြို့နယ်ရှိမြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်ရှိမြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်







MNP ၊  ‌မတ် ၁၁

 သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင်ဆောင်ရွက်နိုင်ရေးအတွက်  အသက်(၁၈)နှစ်အထက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။


 အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးသိုက်ထွန်းက အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင်ဆောင်ရွက်နိုင်ရေးအတွက်  အသက်(၁၈)နှစ်အထက် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ကို မတ်လ ၁၄ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ စစ်ဆေးရေး လုပ်ငန်းတွင် လိုအပ်သည့် ကွန်ပျူတာနှင့်ဝန်ထမ်းများကို ဌာနအလိုက် ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။


 ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်က အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ရပ်ကွက်/ကျေးရွာအလိုက် ပုံစံ(၁)က လူဦးရေအခြေပြစာရင်းတို့ကို တိုက်ဆိုင်စစ်ဆေး၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ၊ နေ့စဉ် လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးပြီးစီးမှုအခြေအနေများကို သတ်မှတ်ပုံစံဇယားများတွင်စာရင်းရေးသွင်းခြင်း စသည့်လုပ်ငန်းစဉ်များကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာရေးဝန်ထမ်းများက သိရှိလိုသည့်အချက်များကိုပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ 


 အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွင်ပါဝင်သည့် ဌာနအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)