ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်

 




MNP - မတ်    ၁၀

စစ်ကိုင်းတိုင်းဒေသကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ယမန်နေ့  မွန်းလွဲ ၃ နာရီက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သော  မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ယနမန်နေ့ ကျင်းပတဲ့ မုံရွာခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်များက ကလေးသူငယ်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များကို စုစည်းတင်ပြကြပြီး၊ ဌာနတစ်ခု၏လိုအပ်ချက်ကို အခြားဌာနများမှ ဖြည့်စွက်ကူညီခြင်းနှင့် အားဖြည့်ပံ့ပိုးခြင်းများကို ဆောင်ရွက် ပေးကြရန်နှင့် မုံရွာခရိုင်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းမှ ကာကွယ်ပေးနိုင်ရေးတို့အတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင် သွားနိုင်ရန် ကော်မတီဝင်များမှလည်း ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ သက်ငယ်မုဒိမ်းမှု လျှော့ချရေး လုပ်ငန်းများအား အသိပညာပေး ဆောင်ရွက်ရာမှ ကော်မတီဝင်များ လက်တွဲပူးပေါင်း၍ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးမြင့်ရီနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက  မုံရွာခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်းပြီး အသေးစိတ် ကျယ်ကျယ် ပြန့်ပြန့် အကြံပြုရှင်းလင်း ဆွေးနွေးချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည့် အခက်အခဲများကို တာဝန်ရှိများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)