(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့နယ် ရွာသာကျေးရွာ အဝင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့နယ် ရွာသာကျေးရွာ အဝင်းလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်




MNP - မတ်    ၂၇

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၁၄၂.၈၀၀)သန်းဖြင့် ဆောင်ရွက်သော မင်းဘူးမြို့နယ်၊ ရွာသာ ကျေးရွာ အဝင်လမ်း (ဝ/၆)မိုင် (1.207 km) ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က အဆိုပါနေရာ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်မှာစကားပြောကြားရာ မြန်မာ နိုင်ငံ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူ (၄သိန်းကျော်) အပါအဝင် နိုင်ငံတစ်ဝန်း ကျေးလက်နေ ပြည်သူများ ၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းပန်းဆက်သွယ် ရေးသည် အဓိကအသက်သွေးကြောပမာ အလွန်အရေးပါသည့်အတွက် ပြည်သူများ၏ အခြေခံ လိုအပ်ချက်ကို အစိုးရအဖွဲ့အသီးသီးက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ပြည်ပပို့ကုန် ၉၆ ရာခိုင်နှုန်းခန့်သည် ကျေးလက်ထုတ်ကုန်များဖြစ်ပြီး နိုင်ငံတော် စီးပွားရေး အတွက် အဓိကအရေးပါသော ကျေးလက်ထုတ်ကုန်များကို သယ်ယူပို့ဆောင်စရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ဖွံ့ဖြိုးအောင် နိုင်ငံတော်က အကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒေသခံပြည်သူ များကလည်း လမ်းရေရှည်တည်တံ့အောင်၊ မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်းပေးရန် အထူးပဲ လိုအပ်ပါကြောင်း၊ အစိုရနှင့် ပြည်သူအကြား ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် နိုင်ငံအတွင်း ဘက်စုံခေတ်မီဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြား သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြို့ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းစန်းလှိုင်းမှ လမ်းနှင့် ပတ်သက်သည်များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ရွာသားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသားရေးဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြို့ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းစန်းလှိုင်းတို့က ရွာသာကျေးရွာအဝင်းလမ်း ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အဆိုပါလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရွာသာကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၁၄၂.၈၀၀)သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက လုပ်ငန်းတင်ဒါစနစ်ဖြင့် မြတ်နန်းစံကုမ္ပဏီက လမ်းအကျယ် ၁၂ ပေ၊ အရှည် (၆)ဖာလုံ (၃၉၆၀ ပေ)အား တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွာအဝင်လမ်းကို ကတ္တရာလမ်း အဖြစ် ရာသီမရွေးသွားလာနိုင်အောင် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာနေ ဒေသခံ ပြည်သူ (၁၄၉၂) ဦး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍသာမက ကျောင်းသား/ ကျောင်းသူ များ၏ ပညာရေးကို များစွာအထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း သိရသည်။

သတင်း - မောင်မောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)