မအီမြို့တွင် မြို့မဈေးအတွင်း၌ မမှန်ကန်သည့် အလေးတင်းတောင်းများဖြင့် ရောင်းချမှုမရှိစေရေး လှည့်လည်ကြေငြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မြို့မဈေးအတွင်း၌ မမှန်ကန်သည့် အလေးတင်းတောင်းများဖြင့် ရောင်းချမှုမရှိစေရေး လှည့်လည်ကြေငြာ





MNP ၊ မတ် ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် အများပြည်သူစားသုံးသူများ နစ်နာမှုမရှိစေရေး၊ ရောင်းချသူဈေးသူဈေးသားများအနေဖြင့် မှန်ကန်သော အချိန်အတွယ်များဖြင့် ရောင်းချစေရေးတို့အတွက်  မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူးဦးညီညီလွင်နှင့် ဝန်ထမ်းများလိုက်ပါ၍  ယနေ့နံနက်ပိုင်းက မြို့မကိုယ်ထူကိုယ်ထဈေးအတွင်း၌ အသိပေးကြေငြာခဲ့သည်။


ထိုသို့ ဈေးသူဈေးသားများသိရှိစေရန် အသိပေးကြေငြာခဲ့ရာတွင်  မအီမြို့၊ မြို့မကိုယ်ထူကိုယ်ထဈေးအတွင်းရှိ ဈေးရောင်းချနေသော ဈေးသည်များအနေဖြင့် အများပြည်သူများစားသုံးရန်အလို့ငှာ ရောင်းချကြသည့် သားငါးများ၊ ဟင်းသီးဟင်းရွက်များနှင့် စားကုန်ပစ္စည်းများကို ရောင်းချရာတွင် မမှန်ကန်သည့်အလေး ဓာတ်ခဲ၊ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ရောင်းချနေကြသည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ယခုချိန်တွယ်ရောင်းချလျှက်ရှိသည့် ဓာတ်ခဲ၊ အုတ်ခဲ၊ ကျောက်ခဲများကို ယခုလ(၁၀)ရက်နေ့မှစတင်၍ ရောင်းချခြင်းမပြုရန် တားမြစ်လိုက်ကြောင်း၊ အဆိုပါ ဓာတ်ခဲ၊ အုတ်ခဲ၊ ကျောက်ခဲနေရာတို့တွင်  မှန်ကန်သည့်ကီလိုခွက်ဖြင့် အစားထိုးရောင်းချရမည်ဖြစ်ကြောင်းတို့ကို မအီမြို့၊  မြို့မ ကိုယ်ထူကိုယ်ထဈေးအတွင်း၌ အသိပေးကြေငြာခဲ့သည်။  


အကယ်၍ လိုက်နာခြင်းမရှိဘဲ ပျက်ကွက်ပါက ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)