ငါးသိုင်းချောင်းမြို့တွင် မြို့‌ပေါ်ရပ်ကွက် ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့တွင် မြို့‌ပေါ်ရပ်ကွက် ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ


MNP - မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည် သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက် (၆)ခုရှိ ရပ်ကွက်ဆေးထိုးစုရပ်များ၌ အလှည့်ကျ ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်ကို သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် စေတနာ့ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရှေ့ဆောင် ရပ်ကွက်၊ ရွှေပရိတ်ကျောင်းဓမ္မာရုံ ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) ဆေး အမျိုးအစားကို (ပထမအကြိမ်) ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

အလားတူ ငါးသိုင်းချောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမျိုးသားခန်းမ တွင်လည်း သတ်မှတ်အကြိမ်ရေအလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းကို အဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း ကာကွယ်ဆေးထိုးစုရပ်သို့ မလာရောက်နိုင်သည့် ဒေသခံပြည်သူများ အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ရပ်ကွက်အတွင်း ဆေးထိုးစုရပ်များ၌ စနစ်တကျ စာရင်း ‌ကောက်ယူ၍ အလှည့်ကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ရှေ့ဆောင်ရပ်ကွက်အတွင်း ကာကွယ်ဆေးထိုးနှံရန် စာရင်းရှိသူ (၉၆)ဦးကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့‌ပေါ်ရပ်ကွက်(၆)ခုတွင် မြို့မရပ်ကွက်၊ အောင်ဆန်းရပ်ကွက်နှင့် ရှေ့ဆောင်ရပ်ကွက်များရှိ ရပ်ကွက်‌ဆေး ထိုးစုရပ်တွင် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ ကျန်ရှိနေသော ရပ်ကွက်(၃)ခုသို့ ဆက်လက်ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကိုလည်း သတ်မှတ်ဆေးထိုးရက်၌ သက်ဆိုင်ရာရပ်ကွက် ဆေးထိုးစုရပ်အလိုက် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ယနေ့အထိ ငါးသိုင်းချောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသူဦးရေ (၁၀၀၀၀)ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပိြ့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)