မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်



MNP - မတ်   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှကြီးမှူး၍ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းကို ယနေ့နံနက်၇နာရီမှ စတင်ဖွင့်လှစ်လေ့ကျင့် ပေးခဲ့သည်။

မောက်မယ်မြို့နယ်တွင်နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သော ဘောလုံး၊ အေရိုးဗစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်နှင့် အားကစားသင်တန်းများကို သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက် ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုင်းမြင့်ဆွေထံမှ သိရသည်။

သတင်း - စိုင်းမျိုးသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)