ရုရှား-ယူကရိန်း အရေးနှင့် ပတ်သက်၍ ပဋိပက္ခပိုမိုကြီးမားအောင် ဓာတ်ဆီလောင်းမီးထိုးသော မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-ယူကရိန်း အရေးနှင့် ပတ်သက်၍ ပဋိပက္ခပိုမိုကြီးမားအောင် ဓာတ်ဆီလောင်းမီးထိုးသော မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား


ပေကျင်း ၊ မတ် ၆ 

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စာပေးပို့တောင်းဆိုချက်အရ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးများ နှင့် ယူကရိန်းအရေးဆိုင်ရာ ကိစ္စရပ်များအား  မတ် ၅ ရက်တွင် ဖုန်းဆက်သွယ် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ရာ ပဋိပက္ခပိုမိုကြီးမားအောင် ဓာတ်ဆီလောင်းမီးထိုးသော မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။


လက်ရှိတွင် တရုတ်-အမေရိကန်ဆက်ဆံရေးထိပ်တန်းဦးစားပေးသည် ဆက်လက် ဖြစ်ပေါ် တိုးတက်နေဆဲဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များက ဗီဒီယိုရုပ်သံဆွေးနွေးမှုမှတဆင့် ရရှိခဲ့သော သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။ အထက်ဖော်ပြပါ ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် အမေရိကန်၏ မကြာသေးမီက မှတ်ချက်စကားလုံးများအပေါ်  တရုတ်နိုင်ငံက အလွန်အမင်းစိုးရိမ်ပူ‌ပန်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။


ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထုတ်၍ မရနိုင်သော ပိုက်နက်နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်မေးခွန်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။ အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ၏ အဓိပ္ပါယ်မှန်ကို လှည့်ပြန်သွားရန် နှင့် ထိုင်ဝမ်အား မြှောက်ပေးခြင်း နှင့် ထောက်ခံအားပေးခြင်းရပ်တန့်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။


“ ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုများ ၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွမ်ဖက်မှုများအား ရပ်တန့်ရန် နှင့် ခိုင်မာသောလုပ်ဆောင်ချက်များနှင့်အတူ တရုတ်-အမေရိကန်ဆက်ဆံရေး၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ဝမ်က ဆိုသည်။ ထို့ပြင် တရုတ်-အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ယူကရိန်းအရေးအပေါ် သဘောထားအမြင်များကို အပြန်အလှန်ဖလှယ်ခဲ့ကြသည်။


ယူကရိန်းတွင် လက်ရှိဖြစ်ပျက်နေသောအခြေအနေအရပ်ရပ်အပေါ် အမေရိကန်၏ အမြင်များ နှင့် ရပ်တည်ချက် အပေါ် ဘလင်ကန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးအား ရှင်းပြခဲ့သည်။ ဝမ်ရိက ယူကရိန်းတွင် ဖြစ်ပျက်နေမှုများသည် တရုတ်နိုင်ငံက မြင်တွေ့လိုသော အနေအထားမဟုတ်ကြောင်း ဆိုသည်။

ယူကရိန်းအရေးသည် ရှုပ်ထွေးမှုများရှိနေပြီး ယင်းမှာ နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းများနှင့်သက်ဆိုင်ရုံမျှသာမက အမျိုးမျိုးသောအဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာအကျိုးစီးပွားများနှင့်လည်း နီးကပ်စွာဆက်စပ်လျက်ရှိနေကြောင်း ဝမ်ကဆိုသည်။ လက်ရှိအကျပ်အတည်းကို ဖြေရှင်းယုံမျှသာမကဘဲ ဒေသတွင်းရေရှည်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက်လည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ကိစ္စရပ်အပေါ် မိမိကိုယ်တိုင် အကောင်းအဆိုးအကြောင်းအကျိုးအားနည်းချက် အားသာချက်သုံးသပ်ကာ ကိုယ်ပိုင်ရပ်တည်ချက် နှင့် ကိုယ်ပိုင်မူဝါဒကို အစဉ်အမြဲ ကျင့်သုံးဆောင်ရွက်ကြောင်း ဝမ်က ဆိုသည်။ ယူကရိန်းအကျပ်အတည်းအား ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များ နှင့် အခြေခံစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း ဝမ်က ဖြည့်စွက် ပြောကြားခဲ့သည်။


ပထမဦးဆုံးအနေဖြင့် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ နှင့် ပိုင်နက်နယ်မြေကို လေးစားလိုက်နာရမည်ဖြစ်သည်ဟု ဝမ်က ဆိုသည်။ ဒုတိယအနေဖြင့် တွေ့ဆုံဆွေးနွေးရေးမှတဆင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် တိုက်ခိုက်မှုများ  ဖြစ်နိုင်သမျှ အမြန်ဆုံးရပ်တန့်ရန် ၊ မြေပြင်အခြေအနေ ပိုမိုသက်သာကောင်းမွန်လာရန် ၊ အရပ်သားများ နှင့် အိုးအိမ်စည်းစိမ်များ၏ လုံခြုံရေးကို ထိရောက်စွာ အာမခံရန် နှင့် ကြီးမားသော လူသားချင်စာနာထောက်ထားမှုအကျပ်အတည်းမှ ကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းသည် တွေ့ဆုံဆွေးနွေးမှု နှင့် ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းတစ်ခုတည်းဖြစ်သာ ဖြေရှင်းနိုင်မည်ဟု ဝမ်ရိက မီးမောင်းထိုးပြခဲ့သည်။


တရုတ်နိုင်ငံအနေဖြင့် အခြေအနေကို နိုင်ငံရေးအရ အဖြေရှာရန် နှင့် တင်းမာမှုလျှော့ချရန် မည်သည့်ထိရောက်သော ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ထောက်ခံအားပေးကြောင်း ၊ သံတမန်နည်းဖြင့် အဖြေရှာမှု  မြှင့်တင်ခြင်းကို ထိခိုက်ပျက်ပြားစေသော ၊ ပဋိပက္ခပိုမိုကြီးမားအောင် ဓာတ်ဆီလောင်းမီးထိုးသော မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် မိမိတက်စွမ်းသမျှ အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး ထုတ်ဖော်ပြောဆိုမှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။ ထို့ပြင် ရုရှား နှင့် ယူကရိန်းအကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုများကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ဝမ်ရိက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများသည် အဆင်ပြေချောမွေ့စွာ မဖြစ်ပေါ်လင့်ကစား နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရလာဒ်များ နှင့် ငြိမ်းချမ်းရေးအသီးအပွင့် ထွက်ပေါ်လာသည်အထိ ကြိုးပမ်းမှုများကို ထောက်ခံအားပေးခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ ရှုပ်ထွေးမှုများ နှင့် ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေကို အဖြေရှာရန် အမေရိကန်ပြည်ထောင်စု ၊ မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) နှင့် ဥရောပသမဂ္ဂ တို့အား ရုရှားနိုင်ငံနှင့်အတူ တန်းတူညီမျှသည့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ၊ ရုရှားနိုင်ငံ၏ လုံခြုံရေးအပေါ် နေတိုး၏ အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင်နေမှု၏ အနုတ်လက္ခဏာသက်ရောက်မှုကို အလေးအနက်ဂရုပြုစေလိုကြောင်း နှင့် “ ခွဲခြမ်းစိတ်ဖြာ၍မရနိုင်သော လုံခြုံရေး” နိယာမအရ ဥရောပလုံခြုံရေးယန္တရား စဉ်ဆက်မပြတ် နှင့် ထိရောက်စွာ မောင်းနှင်နိုင်ရေး ၊ ချိန်ခွင်လျှာညီမျှမှုတစ်ခု တည်ဆောက်ရေးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် အမေရိကန်နိုင်ငံခြားရေးဘလင်ကန်တို့သည် ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ လက်ရှိအခြေအနေအပေါ် နှစ်ဖက်သဘောထားအမြင်များကို အပြန်အလှန်ဖလှယ်ခဲ့ကြောင်းလည်း သိရသည်။  


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)