မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ(၃/၂၀၂၂) အစည်း အဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ(၃/၂၀၂၂) အစည်း အဝေး တက်ရောက်



 MNP - မတ်    ၃၀

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံအတွင်း ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြားလာရေးမှာ အဓိကဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စား၍ လာရောက်စုံစမ်းသည့် လုပ်ငန်းရှင်များ ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များကို မကွေး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးရုံးဖြစ်သော မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက လိုအပ်သည်များကို ဆွေးနွေးအကြံပြုခြင်း၊ လျှောက်လွှာလက်ခံခြင်း၊စိစစ်ပြီး အတည်ပြုလျှောက်ထားလွှာများကို အနီးစပ်ဆုံး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် တင်ပြ ဆုံးဖြတ်ချက်ရယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။ လုပ်ငန်းရှင်များအနေဖြင့် ဌာနများ၏ လုပ်ငန်းစဉ်အပေါ် Predictable ရှိစွာသိရပါက ၎င်းတို့အတွက် လျှောက်ထားမှုလုပ်ငန်းစဉ် ပြီးမည့် ကာလကို တွက်ချက်နိုင်ပြီး အချိန်ကုန်သက်သာစွာ ဆောင်ရွက်လာနိုင်ခြင်းဖြင့် သက်ဆိုင်ရာဌာနများ အပေါ် ပိုမိုအားကိုးလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုခြင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် မကွေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးမြို့နယ် စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော် သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက် သွယ် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

သတင်း - မောင်ညီညာ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)