ရွှေကျင်မြို့တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မတ်    ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပသည်။

အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးအတွက် ညဈေးလမ်းတွင် ရေကစားမဏ္ဍာပ်ထိုး၍ အကြိုနေ့တွင် ဖွင့်ပွဲကျင်းပကာ နေ့စဉ်ယိမ်းအဖွဲ့များ၊ သံချပ်အဖွဲ့များဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဟာသင်္ကြန်အတက်နေ့ ညတွင် ဆုပေးပွဲကျင်းပမည် ဖြစ်သည်။ မြန်မာ့နှစ်ဆန်း(၁) ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်ခန်းမ၌ သက်ကြီးပူဇော်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ညနေပိုင်းတွင် ရပ်ကွက်အသီးသီးမှ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား မြို့တွင်းသို့အပူဇော်ခံ လှည့်လည်ကာ ဆုပေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)