ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



MNP - မတ်    ၂၄

ကချင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်တရားမဝင် ကုန်သွယ်မှုများ တားဆိးအရေးယူနိုင်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်သွယ်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရားမဝင် ဆောင်ရွက်နေမှုများကို ဖော်ထုတ် သတင်းပေးပို့စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်သည့်ဌာန၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများတွင် အများပြည်သူ အကျိုးစီးပွား ထိခိုက်လာနိုင်သည့် ကိစ္စရပ်များအပေါ် ကာကွယ်သွားနိုင်ရေး အလေးထားကြီးကြပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပို့ကုန်/ သွင်းကုန်များအား တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် သတင်းအချက်အလက်ရယူနိုင်ရေး ဌာနဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးတွေ့ရှိမှုများအပေါ် ဥပဒေကြောင်းအရ စီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အစီရင်ခံတင်ပြ ဆောင်ရွက်သွားနိုင်ရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)