တောင်တွင်းကြီးမြို့တွင် ဒုတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့တွင် ဒုတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲကျင်းပ

 


 MNP - မတ်    ၁၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲအောင် သံဃာတော် (၇၇)ပါးတို့အား ဒုတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ နေ့လည်(၂)နာရီက တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာယာအေးကျောင်းတိုက် ပဓာနနာယက၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တစာရိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဂ္ဂမဟာကမ္မဌာနာ စရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တမာနိတမှ ဩဝါဒကထာချီးမြှင့်ခဲ့ပြီး ဆရာတော်ကြီးများရွတ်ပွားသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက နာယူကြသည်။

ဆက်လက်၍ တောင်တွင်းကြီးတပ်နယ်၊ တပ်နယ်မှူးဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေး တပ်မှူးဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် ဌာနဆိုင်ရာ များ၊ အလှူရှင်များမှအစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင် ကြသော သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု နဝကမ္မအလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယ သုံးကျမ်းအောင် (၁၁)ပါး၊ နှစ်ကျမ်းအောင်(၁)ပါး၊ ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းအောင်(၅)ပါး၊ ပထမ လတ်တန်း တစ်နိုင်ငံလုံးတတိယဆုရ(၁)ပါး၊ ပထမလတ်တန်းအောင်(၈)ပါး၊ ပထမငယ်တန်း အောင်(၁၇)ပါး၊ အခြေပြုမူလတန်း (၃၃)ပါး စုစုပေါင်း(၇၇)ပါး အောင်မြင်ခဲ့ကြကြောင်းနှင့် ဓမ္မာစရိယစာ‌မေးပွဲအောင် သံဃာတစ်ပါးလျှင် သုံးသိန်းကျပ်၊ နှစ်ကျမ်းအောင် တစ်ပါးလျှင်တစ်သိန်းကျပ်၊ ပထမကြီးတန်းအောင်တစ်ပါးလျှင် ခြောက်သောင်းကျပ်၊ ပထမလတ်တန်းအောင် တစ်ပါးလျှင်လေးသောင်းကျပ်၊ ပထမလတ်တန်း တစ်နိုင်ငံလုံးတွင်တတိယဆုရ သံဃာတစ်ပါးအား သုံးသိန်းကျပ်၊ ပထမငယ်တန်းအောင်တစ်ပါးလျှင် သုံးသောင်းကျပ်၊ အခြေပြုမူလတန်းအောင်တစ်ပါးလျှင် နှစ်သောင်းကျပ်စီ ဆက်ကပ်လှူဒါန်းခဲ့‌ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူးထံမှ သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)