ဟင်္သာတမြို့နယ် ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ် ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 


MNP - မတ်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူးကိုယ်စား  ဆရာမကြီး ဒေါ်စန်းစန်းရီမှ "စိတ်ဓါတ်ကောင်း မွန်ရေး စည်းကမ်းလိုက်နာရေး "ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်စန္ဒာဆွေက "လူငယ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဟင်္သာတခရိုင်အားကစားမှူး  ဦးကျော်သန်းက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး  ဟောပြောခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင် အားကစားမှူးမှ အားကစား ပစ္စည်းများကို တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အထက(၁)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ခရိုင်ပြန်ဆက်ရုံးဝန်ထမ်း များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ခရိုင်အားကစားမှူးနှင့်ဝန်ထမ်းများ ကျောင်း သားကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ခရိုင် ပြန်/ဆက် ရုံးဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သတင္း - ကိုဇော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)