တပ်ကုန်းမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မတ်    ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မဟာဇနကစာသင်တိုက်၊ ဝဏ္ဏဗိမာန်တော်တွင်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ရွှေအင်းရိပ်သာစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ မြို့ဦးစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝနှင့် မဟာဇနကစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏရဟတို့က သြဝါဒကထာမြွက်ကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးက သာသနာရေးဆိုင်ရာများ လျှောက်တင်တော်မူခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စာမေးပွဲကျင်းပရေးလုပ်ငန်းစီမံချက်များကို ဆွေးနွေးလျှောက်တင်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာရင်းရှိစာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၃၆၄)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိစာဖြ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၂၇၉)ပါးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက ရက်အ လိုက် ဆွမ်း၊ ဘောဇဉ်နှင့် အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)