ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း




MNP ၊ မတ် ၁၀

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တို့က ဦးဆောင်၍ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာရင်းဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ Designated Bank အဖြစ် ဆောင်ရွက်ခွင့်ပြုထားသည့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့်တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား  ပေါင်းစပ်ညှိနှိုင်းရေးကိစ္စ၊ စမ်းသပ်ကာလ (Pilot Period) အဖြစ်  မတ် (၂၁) ရက်မှစတင်၍ (၃)လ စမ်းသပ်ဆောင်ရွက်ရန်ကိစ္စ၊ မြေပြင်တွင် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းရေးကိစ္စ၊ ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား ရှင်းလင်းခြင်း အစီအစဉ် (Public Awareness) ကို မတ်လ တတိယပတ်အတွင်း ဆောင်ရွက်ရန်ကိစ္စ၊ ဘတ်/ကျပ် ဈေးကွက်ငွေလဲလှယ်နှုန်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့ စေရေးကိစ္စ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များအား သတင်းပေးပို့တင်ပြပေးရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)