MNP - မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး မြို့ပေါ် ရပ်ကွက်များ သာမက ကျေးရွာများအထိ ကွင်းဆင်းကြီးကြပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဝန်ထမ်းများက ကျေးရွာဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၆၆၇၄၇)ဦးရှိရာ ယနေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၁၈၃၃၂)ဦး (၇၁)ရာနှုန်း ထိုးနှံပြီးစီးပြီဖြစ်၍ ကျန်ရှိသူများအား ဧပြီလအတွင်း ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေဇာလင်း
No comments:
Post a Comment