ပခုက္ကူမြို့တွင် ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့တွင် ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 


MNP - မတ်    ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားအနီးတွင် ရွှေချောင်းရေကြီးပြီး ကမ်းပါးပြိုကျမှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကာကွယ်နိုင်ရေး အတွက် ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်သည် ဧရာဝတီမြစ်ကြီးအတွင်းဝင်ရောက်စီးဆင်းသော ရွှေချောင်းအတွင်းတည်ရှိပြီး ရွှေချောင်းတံတားလည်း တည်ဆောက်ထားရှိကြောင်း၊ အဆိုပါ ရပ်ကွက်နေပြည်သူများမှာ မိုးရာသီကာလများတွင် ရွှေချောင်း ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုပြီး လူနေအိမ်ပြောင်းရွှေ့ရသည့်အန္တရာယ်များ နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်တို့မှ ကင်းဝေးစေအတွက် ရပ်ကွက်နေပြည်သူများက ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရေး တင်ပြ တောင်းခံခဲ့သဖြင့် မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု၊ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၈၅သန်းဖြင့် တင်ဒါအောင်မြင်သော ဂုဏ်ရောင်ထွန်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လုပ်ကိုင်ရန် ခွင့်ပြုချက် ထားပေးခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီက ဇန်နဝါရီလ ၁ရက်နေ့မှစတင်၍ အလျား ၆၅၀ပေအရှည်ရှိ ကွန်ကရစ်ပိုင်းအခြေပြု ကျောက်စီ မြေထိန်းနံရံ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို တာဝန်ယူ အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီး စီးနေဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ကွန်ကရစ်ပိုင်းအခြေပြုကျောက်စီမြေထိန်းနံရံရာနှုန်းပြည့်တည်ဆောက်ပြီးစီးခြင်းကြောင့် ပခုက္ကူမြို့၊ အမှတ်(၁)ရပ် ကွက်၊ရွှေချောင်းနံဘေးရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ချောင်းရေတိုက်စားပြီး ကမ်းပါးကမ်းပြိုကျမှုတို့ကြောင့် နှစ်စဉ် လူနေအိမ်များ ရွှေ့ပြောင်းနေရသည့် ဘေးအန္တရာယ်တို့မှ ကင်းဝေးကြတော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)