မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်တို့မှ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်တို့မှ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ






MNP - မတ်    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်တို့မှ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့်တောင်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားပြီး အင်္ဂပူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က တက်ရောက်လာသော နေကြာစိုက်တောင်သူ များအား ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေး မျိုးစေ့လုံလောက်စွာ ရရှိနိုင်ရန် ယခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ထုတ် သီးသန့်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားကြပြီး မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာ ရှိ ဦးစိုးမြင့်အောင်က ဆီထွက်သီးနှံ (နေကြာ)မျိုးစေ့ထုတ် စိုက်ပျိုးရေးလုပ်ငန်းစီမံချက်အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသော မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ (နေကြာ) စိုက်ပျိုးမည့် တောင်သူများက မိုးနေကြာ မျိုးစေ့ထုတ်သီးသန့်စိုက်ပျိုးမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်မိုးရာသီတွင် မြန်အောင်မြို့နယ်၌ ဧက(၁၃၀၀)၊ ကြံခင်းမြို့နယ်၌ ဧက(၁၀၀၀)နှင့် အင်္ဂပူမြို့နယ်၌ ဧက(၇၀၀) မိုးနေကြာ မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးရန်လျာထားကြောင်း သိရှိရသည်။

သတင်း - ဝင်းဗိုလ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)