စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအာ: ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) များ စတင်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအာ: ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) များ စတင်ထိုးနှံပေးလျက်ရှိ

 


MNP - မတ်    ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်း ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ဆေးများကို အသက်(၆၅)   အထက် ပြည်သူများအား (Booster Dose )ကာကွယ်ဆေးများကို စတင်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့တွင်  (၂၈၀)ဦ: ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ (Booster Dose) ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ

ဝန်ထမ်းများ၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး)၊  ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး(ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင် ကာကွယ်  တားဆီးနိုင်စေရန်နှင့်    ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ပြည်သူများ သိရှိ လိုက်နာစေရန်၊ အသံချဲ့စက်မျာ ၊ Hand  Speaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊   ဒေသန္တာရ  စည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ  အတိုင်းလိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး မတ်လ(၃)ရက်နေ့  အထိ   First Dose   (၆၆၁၄)ဦး    Second Dose   (၅၇၄၅၃)ဦးနှင့်

Third Dose (Booster Dose) (၁၂၃၇)ဦးအား ထိုးနှံပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)