ဖြူးမြို့နယ် သမဝါယမအသင်းစုတွင် China EXIM Bankချေးငွေကြွေးကျန်များ ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ် သမဝါယမအသင်းစုတွင် China EXIM Bankချေးငွေကြွေးကျန်များ ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 


MNP - မတ်    ၃၀

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သမဝါယမဦးစီးဌာန၊    သမဝါယမအသင်းစုလီမိတက်တွင် China EXIM Bank ချေး ငွေကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးအတွက် အသင်းသားများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့က ဖြူးမြို့နယ် သမဝါယမ အသင်းစု ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုင်းကျော်မင်းက China EXIM Bankချေးငွေများနှင့် ချေးငွေကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးခင်မောင်စိုးက  အကြံပြုဖြည့်စွက်စကား ပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ်အတွင်းရှိ သမဝါယမ အသင်းစု အသင်းသားအမှုဆောင်များက တင်ပြ လိုသည့်အချက် များအား တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဖြူးမြို့နယ်အနေဖြင့်  China EXIM Bankချေးငွေများကို ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်မှစတင်ကာ  အသင်းပေါင်း(၁၉၈)သင်း၊အသင်းသား ပေါင်း(၂၅၈၁)ဦးကို ထုတ်ချေးဆောင်ရွက်ထားပြီး (၁၆)ကြိမ်မြောက် ထုတ်ချေးရာတွင် အသင်း(၈၂)သင်းမှ အကြေပေးဆပ်နိုင်ခဲ့ပြီး အသင်း(၁၁၆)သင်းပေးရန် ကျန်ရှိနေသေးကြောင်းနှင့် ချေးငွေကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်ဆွေထံမှ သိရသည်။

 သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)