MNP ၊ မတ် ၉
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူလုပ်ဆောင်ရွက်နေကြသော ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကိုသိရှိနားလည်ပြီး ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန် စွာဖြင့် ထိရောက်အောင်မြင်လာစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်(၁)ပါ ရုံးလုပ်ငန်းသဘောတရားခေါင်းစဉ်အောက်မှ ရုံးလုပ်ငန်းအဓိပ္ပာယ်၊ ပင်မလုပ်ငန်း၊ အထောက် အကူပြုရုံးလုပ်ငန်း၊အဖွဲ့အစည်း၊ဆက်စပ်မှုရှိခြင်း၊ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊ ပြီးပြည့်စုံသောရုံး လုပ်ငန်း ၊ စနစ်ရှိရခြင်း၊ စည်းကမ်းရှိရခြင်း၊ အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိရခြင်း ထိုးထွင်းတီထွင်လိုစိတ် ရှိရခြင်း အစရှိသည့်ခေါင်းစဉ်များအလိုက်ဖတ်ကြားကြပြီး လက်ထောက်ညွှန်ကြားရေးမှူးက ခေါင်းစဉ် တစ်ခုခြင်းအလိုက် အသေးစိတ်ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment