MNP - မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် စာကြည့်တိုက်သို့လာရောက်ပြီး စာဖတ်သည် အလေ့အကျင့်ကောင်းများရရှိစေရန် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို စာစီစာကုံး ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး လည်းကူးမြို့နယ်၊ အထက(မြို့မ)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - အေးအေးနွဲ့
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment