ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

 


MNP -  မတ်  ၂၄

လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားတိုးတက်ရေးနှင့် စာပေမှရသော အသိပညာဗဟုသုတများအား အသုံးချတက်စေရန် တစ်ဦးနှင့်တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတက်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာပေချစ်မြတ်နိုးသူများနှင့်  Book Club အဖွဲ့ဝင်များပူးပေါင်း၍စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိစေရန်နှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း များအား ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင် ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က နတ်သျှင်၊‌ ရွှေဂူရေးသား ထားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်”စာအုပ်မှ “လူငယ်များ၏ ရွှေရောင် မနက်ဖြန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်ထွေးရီမှ ပြည့်ဝသောအမွေကို ပေးကြပါခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမီးမီမှ တကယ်ချစ်ရင်မခြိမ်းခြောက်ပါနဲ့ ‌ ခေါင်းစဉ်များဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်သူရ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)