တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

 


MNP  -   မတ်   ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ 

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး က အဖွင့်အမှာစကားပြောကြားသည်။ 

ဆက်လက်၍   စာရေးဆရာ  ကြည်နိုင်ရေးသားသည့် `` ရသစာမွန် ပုံရိပ် ´´  စာအုပ်ဖြင့်စာဖတ် ဝိုင်းအားကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား မိမိ၏ ထင်မြင်ယူဆချက်များ၊ တွေးခေါ်မှုများနှင့်အတူ၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဝါသနာရှင်များ အတွက် အသက်အရွယ်မရွေးစာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတ အတွေးအမြင်များရရှိစေပြီး ကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော် အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့် ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)