မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ ငွေစာရင်း ရှင်းတမ်း ရှင်းလင်းခြင်းနှင့် စာမူဖိတ်ခေါ်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ ငွေစာရင်း ရှင်းတမ်း ရှင်းလင်းခြင်းနှင့် စာမူဖိတ်ခေါ်ရေး အစည်းအဝေးကျင်းပ

 



MNP - မတ်   ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီဂ္ဂဇင်း ငွေစာရင်းရှင်းတမ်း ရှင်းလင်းခြင်းနှင့် စာမူဖိတ်ခေါ်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မေဃဝတီမဂ္ဂဇင်း ကော်မတီဝင် ၁၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မေဃဝတီမဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး စာရင်းစစ် ဦးစိုးသိမ်းမှ အမှတ်(၆)မေဃဝတီမဂ္ဂဇင်း ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မေဃဝတီမဂ္ဂဇင်းကော်မတီအတွင်းရေးမှူး ဦးသန်းအောင်မှ အမှတ်(၆)မေဃဝတီမဂ္ဂဇင်း ရောင်းချ ခဲ့ရမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၇)မေဃဝတီမဂ္ဂဇင်း ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် စာမူဖိတ်ခေါ်ရေး ကိစ္စရပ်များကိုတင်ပြရာ တက်ရောက်လာသူ ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် မေဃဝတီမဂ္ဂဇင်းကို ၁၉၇၉ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး ယမန်နေ့ထိ အမှတ်(၆) မေဃဝတီမဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ အမှတ်(၇)ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် စာမူများကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)