မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ်

 




MNP - မတ်    ၂၄

လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုဘိုင်းလက်ကိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မြင့်သန်းဦးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအနေဖြင့် ယခုသင်တန်းပို့ချချက်များအား တတ်မြောက်ကျွမ်းကျင်ထားရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ် လူမှုဆက်ဆံရေးနယ်ပယ်တွင် အရေးပါသော တတ်ကျွမ်းသင့်သည့်အရာ တစ်ခုဖြစ်ပါကြောင်းနှင့် သင်တန်းပြီး၍ တတ်ကျွမ်းပြီးပါကလည်း လုပ်ငန်းအထောက်အကူပြု လက်တွေ့ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။  

အဆိုပါသင်တန်းအား ယနေ့မှစ၍ (၅)ရက်ကြားဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်း တွင် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ မိမိတို့၏ Page များတွင် လွှင့်တင်နိုင်ခြင်း၊ သက်ဆိုင်ရာများသို့ပေးပို့ခြင်းတို့ကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းကို ဌာနတွင်းဝန်ထမ်းများမှ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)