ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့်အသက် (၁၈)နှစ်အထက်ရှိပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Covaxin ဆေးကိုနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့်အသက် (၁၈)နှစ်အထက်ရှိပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Covaxin ဆေးကိုနှံပေးလျက်ရှိ




MNP - မတ်    ၂၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမည်သည့်ဆေးကိုမျှ တစ်ကြိမ်တစ်ခါမထိုးနှံရသေးသည့်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးCovaxin ဆေးကို ဆေးထိုးစုရပ်အသီးသီးတွင်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ယနေ့  နံနက် ၈ နာရီအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ဆေးကိုထိုးနှံပေးလျက်ရှိရာ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ရမ်းဗြဲမြို့‌ရှိ ရပ်ကွက် (၆)ခုမှ ပြည်သူများ၊  ခမာင်းခြေတိုင်ကျေးရွာ အုပ်စုအတွင်းမှပြည်သူများ၊  ရွသ‌‌င်္ဘော ဆိပ်ကျေးရွာအုပ်စုမှပြည်သူများ၊  မရွတ်ချိန်းရွာအုပ်စုအတွင်းမှပြည်သူများနှင့်  လက်ပန်ကျေးရွာအပ်စုအတွင်းမှပြည်သူများလာရောက်ထိုးနှံလျက်ရှိကြပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဆေးထိုးရန်ရောက်ရှိလာကြသူများအား စာရင်းရေးသွင်းမှတ်တမ်းယူခြင်း ကျန်းမာရေးဝန်ထမ်းများမှ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့်ကိုယ်ပူချိန်တိုင်းတာပေးခြင်းများကိုဆောင်ရွက်ပေးပြီးမှသာ ပုံမှန်အခြေအနေရှိသူများကို  ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိရာ ကိုဗစ်ကာကွယ်ဆေး Covaxin ဆေးတစ်လံးလျှင် လူ(၁၀)နှုန်းဖြင့်ထိုးနှံပေးလျက်ရှိပါသည်၊ ဆေးထိုးပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေ၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

သတင်း - အောင်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)