ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့်အသက်(၁၈)နှစ်အထက်ရှိပြည်သူများအားကိုဗစ်ကာကွယ်ဆေး Covaxin ဆေးကိုနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့်အသက်(၁၈)နှစ်အထက်ရှိပြည်သူများအားကိုဗစ်ကာကွယ်ဆေး Covaxin ဆေးကိုနှံပေးလျက်ရှိ





MNP ၊ မတ် ၂၃    

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမည်သည့်ဆေးကိုမျှ တစ်ကြိမ်တစ်ခါမထိုးနှံရသေးသည့်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးCovaxin ဆေးကို ဆေးထိုးစုရပ်အသီးသီးတွင်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့  နံနက် ၈ နာရီအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။    

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ဆေးကိုထိုးနှံပေးလျက်ရှိရာ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့ဆေးရုံ ဆေးထိုး စုရပ်တွင် ရမ်းဗြဲမြို့‌ရှိ ရပ်ကွက်(၆)ခုမှ ပြည်သူများ၊  ခမာင်းခြေတိုင်ကျေးရွာအုပ်စုအတွင်းမှပြည်သူများ၊  ရွာသ‌‌င်္ဘောဆိပ်ကျေးရွာအုပ်စုမှပြည်သူများ၊  မရွတ်ချိန်ကျေးရွာအုပ်စုအတွင်းမှပြည်သူများနှင့်  လက်ပန်ကျေးရွာအုပ်စုအတွင်းမှပြည်သူများ လာရောက်ထိုးနှံလျက်ရှိကြသည်။    

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးထိုးရန်ရောက်ရှိ လာကြသူများအား စာရင်းရေးသွင်းမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာခြင်းနှင့်ကိုယ်ပူချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးပြီးမှသာ ပုံမှန်အခြေအနေရှိသူများကို  ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိရာ ကိုဗစ်ကာကွယ်ဆေး Covaxin ဆေးတစ်လံးလျှင် လူ(၁၀)နှုန်းဖြင့်ထိုးနှံပေးလျက်ရှိပါသည်၊ ဆေးထိုးပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)