တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား (COVID-19)ရောဂါ ကာကွယ်ဆေး ပထမ/ ဒုတိယ/ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား (COVID-19)ရောဂါ ကာကွယ်ဆေး ပထမ/ ဒုတိယ/ ဆက်လက်ထိုးနှံပေး


MNP - မတ်    ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများကလည်းကောင်း၊တကူအုပ်စု တကူကျေးရွာ တိုက်နယ်ဆေးရုံ၌ ဒေါက်တာဖြိုးမြင့်ကြည်နှင့် ဝန်ထမ်းများမှလည်းကောင်း မတ်လ၉ရက်နေ့က အသက်(၁၈)နှစ်ပြည့်ပြီးသူများအား (Covid Shield) ကာကွယ်ဆေးဖြင့် (သတ္တမ)အသုတ်၊ ဒုတိယအကြိမ်အဖြစ် ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်း(၁)ဦး၊အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူ(၄၄)ဦး၊ ဈေးသည် (၃)ဦး ၊ မှီခို(၃)ဦး ပေါင်း(၅၁)ဦးတို့အားလည်းကောင်း၊ အလားတူ(အဌမ)အသုတ် (ပထမ)အကြိမ် အဖြစ် အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင်သူ(၂၀)ဦး၊ ဈေးသည်(၇)ဦး၊ မှီခို(၆)ဦး ပေါင်း(၃၃)ဦးအားလည်းကောင်း၊ (Sinopharm) ကာကွယ်ဆေးဖြင့် (အဌမ)အသုတ် (ပထမ)အကြိမ်အဖြစ် အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၅)ဦး၊ ဈေးသည်(၁၃)ဦး၊ မှီခို(၇)ဦး ပေါင်း(၃၅)ဦး အားလုံး စုစုပေါင်း(၁၁၉)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - နန်းသာရီ~ထိန်ဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)