အိမ်မဲမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၁၆)အုပ်စုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covidshield (Phase 7 /Second Doses) များ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၁၆)အုပ်စုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covidshield (Phase 7 /Second Doses) များ ထိုးနှံပေး



MNP - မတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၆)အုပ်စုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield (Phase 7 /Second Doses) များ ထိုးနှံပေးခြင်းကို မတ်လ ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများ မထိုးနှံမှီ ပြည်သူများအား အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ ဆောင်ရွက်ပြီးမှ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဆေးထိုးပြီးလျှင် နာရီဝက်ခန့် ကျန်းမာရေးအခြေအနေ စောင့်ကြည့်ပြီးမှ ဆေးထိုးစုရပ်မှ ထွက်ခွာစေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"အထက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရေသိုးညောင်ဝိုင်းကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာ၊ ရုံးတောကျေးရွာ၊ အင်းမကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ဂယက်ကြီးကျေးရွာ၊ ဇရပ်ကွင်း ကျေးရွာ၊ ကျုံခရီကျေးရွာ၊ ချောင်းဝရပ်ကွက်၊ တကောကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကျေးရွာ၊ အထက်ပိုင်းရပ်ကွက်၊ ကျိုက်ပိကျေးရွာနှင့် ရာဇူရိုးကျေးရွာတို့မှ ပြည်သူစုစုပေါင်း (၇၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covidshield (Phase 7/Second Doses) များ ထိုးနှံပေးခဲ့ကြောင်း" အဆိုပါ ဆေးထိုးစုရပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)