မိုးနဲမြို့နယ်၌ CoviShield ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ CoviShield ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP - မတ်    ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကမ္ဘာဇခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး လုံးဝမထိုးနှံရ သေးသူများကို CoviShield ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းအပြင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကိုလည်း ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး CoviShield ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ၆ ပေအကွာတွင် ထိုင်စေခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်ထားစေခြင်းအပြင် ချောင်းဆိုးရာတွင်လည်း တံတောင်ဆစ်ကွေး ဖုံးအုပ်ပြီး ဆိုးကြပါရန် အစရှိသည့် စည်းကမ်းချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွယ်ခဲ့ကြပြီး ယနေ့နံနက် ၉ နာရီအချိန်တွင်လည်း ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ပေါ့မိုင်းရပ်ကွက်သို့ ကွင်းဆင်း၍ လျာထားပြည်သူ ၄၆၂ ဦးကို ကွင်းဆင်းထိုးနှံပေးခဲ့ကြကြောင်းနှင့် ယခုအခါတွင်လည်း Sinopharm ဒုတိယအကြိမ်အဖြစ် ၅ ဦးနှင့် Covishield ပထမအကြိမ်အဖြစ် ၁၀ ဦး အနက် မိုးနဲ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၂ ပါးတို့ လာရောက် ထိုးနှံခဲ့ကြကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း - ဇင်ကိုကို

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)