ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး First Dose နှင့် Second Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး First Dose နှင့် Second Dose ထိုးနှံပေး


MNP -  မတ်   ၂၇

ချင်းပြည်နယ်၊ ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများအား မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါ  ကာကွယ်ဆေး First Dose နှင့် Second Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။      

ကာကွယ်ဆေးကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ထိုးနှံ ပေးခဲ့ခြင်းဖြစ်ပြီး  First Dose ကို အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ  (၁၅၄) ဦး၊ အသက် ၁၈ နှစ်အထက် ပြည်သူ (၁၃၄၂)ဦး၊ ပေါင်း (၁၄၉၆) ဦးနှင့် Second Dose ကို အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ  (၃၂၇) ဦး လာရောက် ထိုးနှံကြကြောင်း သိရသည်။

သတင်း - မောင်တက်လမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)