ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေအား မြို့မတောင် ရပ်ကွက်အတွင်း စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေအား မြို့မတောင် ရပ်ကွက်အတွင်း စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

 


MNP -  မတ်  ၂၅

အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု အစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအဆင့် ဦးစားပေးစီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ မေယု FM ရေဒီယိုအစီအစဉ်များကို ဖမ်းယူ နားဆင်မှုနှင့် ပတ်သက်၍ ပရိသတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှစတင်၍ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်အတွင်း မြေပြင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးဦးစိုးလွင် က မေယု FMရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေယုFM ရေဒီယိုနား ထောင်မှုဆိုင်ရာ စစ်တမ်းများ ကောက်ယူခဲ့ပြီး၊ စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေယုFM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းများကောက်ယူရာတွင် မောင်တောမြို့၊ မြို့မတောင် ရပ်ကွက်အတွင်းရှိ ပြည်သူ(၅၃၀)ဦးတို့က စစ်တမ်းဖြည့်သွင်းခဲ့ကြပြီး မေယု FM ရေဒီယို ထုတ်လွှင့်ရာတွင် ပြည်တွင်းသတင်းများ၊ နိုင်ငံတကာသတင်းများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက် နေမှုသည့် သတင်း၊ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများ၊ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများ၊ ကျန်းမာရေးဆိုင်ရာ သတင်းများ ထုတ်လွှင့် နေမှုများသည် သတင်းများနှင့် သီချင်းများကြားညှပ်ကာ ထုတ်လွှင့်သည့်အတွက် မေယု FM ထုတ်လွှင့်မှုအား ကြိုက်နှစ်သက်ကြောင်း၊ တေးသီချင်းများကိုလည်း ယခုထက်ပို၍ ထုတ်လွှင့် စေလိုကြောင်း၊ မိုးလေဝသသတင်းများသည့် မိမိတို့အတွက် အကျိုးရှိစေကြောင်း၊  သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင်ထုတ်လွှင့် ပေးခြင်းကို နှစ်သက်ကြောင်း၊ နိုင်ငံတော် အကြီးအကဲများ၏ လှုပ်ရှားမှုသတင်းများ၊  မိမိတို့ မြို့နယ်အတွင်း လှုပ်ရှားမှုသတင်းများကို အစဉ်အမြဲနားထောင်ရ၍ ပိုနှစ်သက်ကြောင်း မြို့မတောင်ရပ်ကွက်နေသူ  ဦးမာမတ်အာယု မှ အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)