ချောင်းဦးမြို့ အနော်ရထာခန်းမတွင် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးနည်း ပညာပေးသင်တန်းနှင့် (GAP)သီးနှံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့ အနော်ရထာခန်းမတွင် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးနည်း ပညာပေးသင်တန်းနှင့် (GAP)သီးနှံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြုလုပ်

MNP - မတ်    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးနည်း ပညာပေး သင်တန်းနှင့် (GAP)သီးနှံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ သင်တန်းဖွင့်ပွဲကို ကျင်းပရါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် ကျောင်းပညာရေးသာမကဘဲ ပတ်ဝန်းကျင်လေ့လာမှု့၊ မိမိဒေသအတွင်း စိုက်ပျိုး နိုင်သည့်သီးနှံစိုက်ခင်းများ၊ာင်မြင်နေသည့် သီးနှံစိုက်ခင်းများ အကြောင်းကို သိစေလိုကြောင်း၊ ကျန်းမာရေးအတွက် စားသုံးကြသည့် သီးနှံများ၏ အဟာရဓာတ်ကို သိစေလို၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲ ပြုလုပ် ပြီးနောက် ပြသထားသော (GAP) သီးနှံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များကို တက်ရောက်လာသည့် ဧည့်သည်များ၊ ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှု့ လေ့လာခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက ဒေသတွင်း စိုက်ပျိုးထားသည့် သီးနှံများ၏ စိုက်ပျိုးနည်း စနစ်နှင့် အဟာရ တန်ဖိုးများကို ရှင်းပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမနှင့် သင်တန်းသားများအား စိုက်ပျိုးရေးနည်း ပညာပေး စာအုပ်များကို အခမဲ့ ဝေငှပေးခဲ့သည်။ သင်တန်းတွင်လည်း ဒေါ်ခင်မြတ်မြတ်ဦးမှ ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ကြားရာတွင် ကျန်းမာသန်စွမ်းမှ စိတ်ချမ်းသာစွာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းနိုင်စေဖို့ အတွက် မိမိစားသုံးသည့် အစားအစာများတွင် အဟာရဓာတ် ကြွယ်ဝဖို့ လိုအပ်ကြောင်း၊ စားသုံးသည့်အခါ အဟာရ ဓာတ်ကို လိုအပ်သလောက်ပါဖို့ လိုအပ်ကြောင်း၊ အပြင်တွင် ရောင်းချနေသည့် မုန့်ပဲသရေစာများ သည် မိမိအတွက် အန္တရာယ်ရှိကြောင်း၊ အချိုရည်၊ အသားချောင်း၊ အကင်များစားသုံးမှု့ကို လျော့ချပြီး အသီးအနှံများကို စားသုံးကြစေလိုကြောင်း ဆွေးနွေးခဲ့သည်။ ပြပွဲသို့ လာရောက်သည့် နဝမတန်း ကျောင်းသား မောင်ပိုင်ဦးကလည်း စားသုံးသည့် အစားအစာများ၏ အဟာရ ဓာတ်များကို သိရသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးထားသည့် သီးနှံများ အကြောင်းသိရ၍ ဗဟုသုတ ရရှိကြောင်း ပြောကြားခဲ့သည်။

သတင်း - ဝင်းမြင့်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)