၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) နှင့် အလယ်တန်း အဆင့် (Grade-9) စာမေးပွဲ အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) နှင့် အလယ်တန်း အဆင့် (Grade-9) စာမေးပွဲ အေးချမ်းစွာဖြေဆို

    


MNP -  မတ်   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့်(Grade-11)နှင့် အလယ်တန်းအဆင့်(Grade-9) စာမေးပွဲကို ယနေ့နံနက် ၉ နာရီက ကြံခင်းမြို့နယ်ရှိ စာစစ်ဌာနများတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ(Grade-11) နှင့် (Grade-9)စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မုန်တိုင်းငယ် (Depression)အခြေအနေကြောင့် စာမေးပွဲဖြေဆိုရန် ခေတ္တနားထားရာမှယနေ့(၂၅-၃-၂၀၂၂)ရက် နေ့တွင် သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ပြန်လည်ဖြေဆိုကြရာ စာစစ်ဌာန(၈)ခုတွင်(Grade-11) ကျောင်းသား၊ ကျောင်းသူဦးရေ (၄၀၇)ဦးကရူပဗေဒဘာသာနှင့် သမိုင်းဘာသာရပ်များ ဖြေဆိုကြပြီး စာစစ်ဌာန(၁၃)ခုတွင်(Grade-9)ကျောင်းသား၊ ကျောင်းသူဦးရေ(၄၄၅)ဦးမှ သမိုင်းဘာသာရပ် ဖြေဆိုနေကြောင်း မြို့နယ်ပညာရေးမှုးထံမှသိရသည်။

သတင်း - မိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)