ပေါက်တောမြို့နယ် အနောက်ရဲ IDPစခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ)အကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် အနောက်ရဲ IDPစခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ)အကြိမ်ထိုးနှံ

 

=


MNP - မတ်   ၂၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲIDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက်  ဦးတည်အုပ်စု ပြည်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin)ကို ယမန်နေ့နံနက် (၁၀)နာရီက ထိုးနှံခဲ့ကြောင်းသိရသည်။

အဆိုပါ အနောက်ရဲ IDPစခန်း၌ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ အနောက်ရဲ ရဲကင်းမှူး ရဲအုပ်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြသည်။ ထို့သို့ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက် ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀) ခန့်စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် (ပထမ)အကြိမ် ထိုးနှံ‌ပေးခြင်းကို ယမန်နေ့က ပေါက်တောမြို့နယ်ရှိ အနောက်ရဲlDP စခန်း၌ခိုလှုံနေကြသော ပြည်သူများ စုစုပေါင်း (၁၉၀)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)