တရုတ်နိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃သိန်းအား ကချင်ပြည်နယ်ရှိ IDPs စခန်းများအတွက် အသုံးပြုသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃သိန်းအား ကချင်ပြည်နယ်ရှိ IDPs စခန်းများအတွက် အသုံးပြုသွားမည်




MNP ၊ မတ် ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃)သိန်းဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ လှူဒါန်းငွေများဖြင့် ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများကို သက်မွေးပညာရပ်များ သင်ကြားပေးပြီး မတည်ရင်းနှီးငွေပေးအပ်ခြင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းအတွက်  ပစ္စည်းများဖြည့်ခြင်း၊ အဆောင်သစ်(၁)ဆောင် ဆောက်လုပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မြန်မာ့သဘာဝဘေးတုံပြန်ရေးအဖွဲများကို သင်တန်းပေးဖွဲစည်းဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲအစည်းများမှ ကိုယ်စားလှယ်များအား နေပြည်တော်တွင် သင်တန်းဖွင့်လှစ်ပိုချပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)တွင် သင်တန်းသားအိပ်ဆောင် တည်ဆောက်ရေးနှင့် စက်ပစ္စည်း/ပရိဘောဂများ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ အဆိုပြုတင်ပြဆွေးနွေကြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)