ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန် (IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုး သွပ်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန် (IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုး သွပ်များ ထောက်ပံ့ပေးအပ်




 MNP - မတ်    ၂၈ 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချ နေထိုင် ကြမည့် နေရပ်စွန့်ခွာယာယီခိုလှုံရာ စခန်းနေ (IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အလေးထားကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်နေကြပါကြောင်း၊ ယနေ့ နေရပ် နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် အိမ်ထောင်စုများအတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများကို ထောက်ပံ့ပေးနိုင်သည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် မိသားစု များ ရေရှည်ရပ်တည်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းချိတ်ဆက် ကူညီဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။ 

ထို့နောက် နန်ဆန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန် (IDPs) အိမ်ထောင်စု (၇၃)စု၊ လူဦးရေ (၃၅၄) ဦးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စုစုပေါင်း ငွေကျပ် ၁၁၇၆၇၀၀၀ တန်ဖိုးရှိ မိသားစုသုံးပစ္စည်းများ ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်း (၇၃)ပုံးနှင့် အိမ်မိုး သွပ် (၁၅၀၀)တို့ကို အိမ်‌ထောင်စုများအတွက် အသီးသီး ထောက်ပံ့ပေးအပ်ကြရာ ယင်းမိသားစု ဝင်များက လက်ခံရယူသည်။ ယင်းနောက် နေရပ်ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)