ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ J & M Steel Solutions Co., Ltd မှ တံတားသံပေါင်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ J & M Steel Solutions Co., Ltd မှ တံတားသံပေါင်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု ကြည့်ရှုစစ်ဆေး


MNP ၊ မတ် ၅ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ ပူးပေါင်းဆောင်ရွက်သည့် J & M Steel Solutions Co., Ltd သို့ ရောက်ရှိရာ J & M Steel Solutions Co., Ltd မှ တာဝန်ရှိသူက စက်ရုံအတွင်း သံပေါင်ထုတ်လုပ်မှုကို လိုက်လံရှင်းလင်း ပြသသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပေးပို့မည့် တံတားသံပေါင်များ ထုတ်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။


ရန်ကုန်မြို့ရှိ J & M Steel Solutions စက်ရုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ပူးပေါင်းပြီး ပြည်တွင်း၌ တံတားသံပေါင်များနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည့်အပြင် ပြည်ပမှ မှာယူသော တံတားသံပေါင်များကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတား တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁၁) ရုံးဝင်းသို့ရောက်ရှိပြီး တံတားဒီဇိုင်းဌာနခွဲနှင့် တံတားအထူးအဖွဲ့မှ ဝန်ထမ်းများကိုတွေ့ဆုံ၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန် လိုပါကြောင်း မိမိတို့ တာဝန်ယူဆောင်ရွက်သော တံတားပုံစံများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရန်နှင့် ဆန်းသစ်တီထွင်မှုများရှိအောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အသွေး စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးအတွက် သင်တန်းများလည်း တက်ရောက်ပေးရန် လိုပါကြောင်း၊ မိမိတို့လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် စေတနာထား လုပ်ဆောင်ရန်တို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများက လိုအပ်ချက်များ၊ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း တင်ပြကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၁) ဝင်းအတွင်းရှိ ဒီဇိုင်းဌာနအခန်းများနှင့် အဆောက်အဦရုံးခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)