တန့်ဆည်မြို့နယ်တွင် KIA, PDF အကြမ်းဖက်အဖွဲ့များနှင့် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်တွင် KIA, PDF အကြမ်းဖက်အဖွဲ့များနှင့် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား



MNP ၊ မတ် ၇


ယမန်နေ့ (၁၀ ၀၀)နာရီ ဝန်းကျင်က တန့်ဆည်မြို့နယ် မူးခွကျေးရွာသို့ KIA, PDF ပူးပေါင်းအဖွဲ့က အင်အား (၃၀၀) ဝန်းကျင်ဖြင့် လာရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံ ပြည်သူ့စစ်များက ပူးပေါင်းခုခံ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက "မနေ့က KIAနဲ့ PDF ကား လေးစီးနဲ့ လာတယ်။ မူးခွကျေးရွာကို ဝင်တိုက်တယ်။ မအေးလိုးတွေ ကိုယ့်ရွာကိုယ်ပြန်ဖျက်ဆီးတဲ့ကောင်တွေ။ လာတဲ့ PDF တွေထဲမှာ မူးခွတို့ ကျွန်းလည်တို့က ကောင်တွေပါတယ်။ မူးခွမှာ ဝင်တိုက်တော့ တန့်ဆည်မြို့နယ်ထဲမှာ ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ချိတ်ဆက်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တယ်ပေါ့ဗျာ။ ပြည်သူ့စစ်ဘက်က ၂ယောက် ထိခိုက်ဒဏ်ရာရ ဖြစ်ခဲ့ပါတယ်။ PDF (၁၃)ယောက်လောက် ဖမ်းမိပါတယ်။ လက်နက်တချို့လည်း ဖမ်းဆီးရမိတာ ရှိပါတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်ပြီးတော့ ကျွန်းလည်ကို မိုင်းဝင်ခွဲသေးတယ်။ ထိခိုက်ဒဏ်ရာရ မရှိပါဘူး။ ကပဲကျေးရွာမှာလည်း မိုင်းခွဲခံရပါတယ်။ အပြန်အလှန် ပစ်တဲ့အချိန်မှာတော့ ပြည်သူ့စစ်အင်အားနဲ့ ပူးပေါင်းကာကွယ်နိုင်ခဲ့ပါတယ်။ နယ်မြေတာဝန်ကျ တပ်မတော်သားတွေလည်း ရှိနေပါတယ်။" ဟု ပြောသည်။


အဆိုပါ ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်လှုံ့ဆော် Khit Thit Media မှ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝင် (၃၀) ခန့် ကျဆုံးသည်ဟု ရေးသားဖော်ပြထားသည်မှာ မမှန်ကန်ကြောင်း၊ အဆိုပါ သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများသည် မမှန်မကန်သတင်းကိုသာ လုပ်ကြံရေးသား ဖော်ပြလေ့ရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)