စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် KIA အဖွဲ့က အကြမ်းဖက်သင်တန်းများ ပို့ချလျက်ရှိကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် KIA အဖွဲ့က အကြမ်းဖက်သင်တန်းများ ပို့ချလျက်ရှိကြောင်း သိရ



MNP ၊ မတ် ၃၁

စစ်ကိုင်းဒေသကြီးအတွင်းရှိမြို့နယ်များဖြစ်သော ကန့်ဘလူ၊ တန့်ဆည်မြို့နယ်များအတွင်းတွင် KIA အဖွဲ့က NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့ဝင်များကို အကြမ်းဖက်သင်တန်းများ ပို့ချပေးလျက်ရှိပြီး လက်နက်များ ရောင်းချပေးနေကြောင်း သိရသည်။


ဒေသခံတစ်ဦးက "၂၅-၃-၂၀၂၂ ရက်နေ့မှာ သာဂရဘက်ကမှာ ဆက်ကြေးကောက်တယ်။ တစ်အိမ်ကို တစ်သိန်းကောက်တာ ၄၅ သိန်း ရသွားတယ်။ KIA က ပါလာတဲ့အခါကြတော့ စိတ်ဆိုးနေလို့ ရွာသူ ရွာသားက တောင်းတောင်းပန်ပန်နဲ့ ၄၅ သိန်း ပေးလိုက်ရတယ်။ ၂၆-၃-၂၀၂၂ ရက်နေ့မှာ တဆက်တည်းပဲ KIA အင်အား ၃၀ ပါတယ်။ အစည်းအဝေးလုပ်သွားကြတယ်။ ၂၆ ရက်နေ့က သင်တန်းက အခုပြီးသွားပြီ။ အဲဒီမှာလည်း PDF အင်အား ၂၀၀ ကျော်လောက်ပါတယ်။ မယ်ဇလီကုန်းမှာလည်း သင်တန်းပေးတယ်။ အင်အား ၁၀၀ ရှိတယ်လို့ ကြားရပါတယ်။ မနေ့က မယ်ဇလီကုန်း သင်တန်းပြီးသွားတော့ ဒီကနေ့ ရရှည်မှာ ရွာရဲ့ အနောက်ဘက်မှာ ရေကန်ကြီးရှိတယ်။ အဲဒီ ကနေ တစ်မိုင်ဝန်းကျင်လောက်မှာ KIA က သင်တန်းပို့ချသူ ၃ယောက်၊ PDF အဖြစ် ယောက်ျားလေး၊ မိန်းကလေး ၆၀ ပေါ့။ ဒီကနေ့ သင်တန်းစပေးနေပြီလို့ ကြားပါတယ်။ မနက်ပိုင်း ၇နာရီကနေပြီးတော့ နေ့ခင်း ဆယ်နာရီခွဲ ဆယ့်တစ်ထိအောင် သင်တန်းပေးတယ်။ သူတို့က (၇) ရက် သင်တန်းပေးတာလို့ ပြောတယ်။ ဒီနေ့ စတယ်ပေါ့။ မနက်ဖန်ခါကို ထန်းပင်ဆိပ်မှာလည်း သင်တန်းပေးမယ်လို့ ကြားတယ်။" ဟု ပြောသည်။


အဆိုပါမြို့နယ်များတွင် NUG က ကျောင်းဖွင့်မည်ဆိုကာ ကျောင်းသားတစ်ဦးလျှင် ၅၀၀၀ ကျပ်ကောက်ခံနေကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းတွင် NUG အကြမ်းဖက်အဖွဲ့ခေါင်းစဉ်ဖြင့် ကျောင်းဖွင့်နေသည့် ရွာများ ရှိနေကြောင်း၊ PDF အကြမ်ဖးက်သင်တန်းများအတွက် ဆက်ကြေးကောက်ခံမှုများလည်း ရှိနေကြောင်း သိရသည်။


အကြမ်းဖက်အန္တရာယ်များကို မြန်မြန်ဆန်ဆန် နှိမ်နင်းစေလိုကြောင်း၊ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ဒေသခံက မြန်မာနေရှင်နယ်ပို့စ်သို့ ပြောဆိုသွားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)